ကျွန်တော် လူသားတစ်ယောက်ပါ…
7blue    2009-11-16 19:38:43  

human

ကျွန်တော် လူသားတစ်ယောက်ပါ…

ကျွန်တော်အခုနေထိုင်နေတဲ့ ကမ္ဘာကြီးဟာ နေ့စဉ်နဲ့အမျှ အကြောင်းအရာပေါင်းများစွာကို စက္ကန့်မခြား ဖြစ်ပျက်ဆိုးကောင်း ဒွန်တွဲကာ ကြိမ်ဖန်များစွာ လုပ်ဆောင်နေတာ တွေ့နေရပါတယ်။ ကျွန်တော်ကရော အဲဒီအချိန် အဲ့ကာလမှာ ဘာများ လုပ်နေပါလိမ့်….

ကျွန်တော်ဟာ မတည်မြဲတဲ့ အကြောင်းအရာမှန်သမျှကို တပ်မက်နေမိတာ ဘာလို့များ မသိစိတ်ထဲကို အမှန်တရားတွေက ၀င်မလာပါလိမ့်လို့ မြင်မိကြလားဗျာ…

နေ့စဉ်နဲ့ အမျှ သောကတွေကို စုဆောင်းလာခဲ့လိုက်တာ ကိုယ့်အသက် ဘယ်အရွယ်ရောက်နေလဲဆိုတာကို မေ့ပြီး မကြာခဏဆိုသလို ပျော်ပျော်ကြီး မိုက်နေမိတယ်လေ ဟုတ်တယ်မို့လားဗျာ…

အနောက်မှာ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ သိပ်မတွေးချင်မိတဲ့ အတ္တစိတ်ကို ရင်မှာပိုက်ပြီး ဘ၀လမ်းကျဉ်းကျဉ်းလေးကို လက်ကို ဘယ်ညာဆန့်ပြီး ကိုယ်ရတဲ့ တေးသီချင်းကိုယ်ညည်းပြီး မဆုံးခရီးကို ဦးတည်လျှောက်နေကြတာ အမှန်တွေဘဲလားလို့ဗျာ…

မရေရာတာကို အရေအရာကြီးလုပ် ကိုယ်တတ်ကိုယ်နတ်ကြီးလုပ်ပြီး အထက်စီးကနေလဲ ရံဖန်ရံခါဆိုသလို သူတပါးကို နိုင်ထက်စီးနင်းလဲ လုပ်မိလိုက်ပါတယ် သိလိုက်ကြသလားဗျာ…

တောင်တက်တဲ့အချိန်မှာ အောက်စီဂျင်မလုံလောက်လို့ အကူမရှိတဲ့ ကျွန်တော့်ကို နှင်းခဲတွေက ဖေးမပေးခဲ့တယ်လို့ မဆိုင်ဘဲ ကျေးဇူးတင်ခဲ့တတ်တာလဲ ကျွန်တော့် အကျင့်မို့ ဒါကို လူသားဆန်တယ်လို့ ပြောလို့ ရနိုင်ပါသလားဗျာ…

ဟိုနေ့ကတော့ ဘယ်ပွဲက ဘယ်လိုဖြစ်တယ် ဟိုပွဲက ဟိုလိုဖြစ်တယ် ဘယ်သူကတော့ ဘာလုပ်သွားတယ် ဘယ်သူကဖြင့် မတရားဘူးလို့ ရက်စွဲတွေ သိပ်မခြားစေဘဲ ပါးစပ်သနတ်လဲ ပစ်တတ်တာကိုရော အမြင်ကတ်မိကြသလားဗျာ…

ပွဲစဉ်တစ်ခုမှာ ကိုယ့်အတွက် အသက်ပါမတတ် ရင်နဲ့အမျှခံစားပြီး ကိုယ့်အသင်းရှုံးနိမ့်သွားချိန်မှာတော့ ကျွန်တော်ဟာ ကြံဖန်ပြီး အကြောင်းရှာ ဘေးသူကို ယိုးမယ်ဖွဲ့တတ်တာကရော လူသားတွေရဲ့ မူလ အကျင့်မို့ ဖျောက်မရဖြစ်နေတာလားဗျာ….

စိတ်ကူးထဲက လူတစ်ယောက်ဖြစ်ဖို့ ငယ်ငယ်လေးထဲက အကောင်အထည်မဖော်ခဲ့မိတာဟာ စီမံကိန်းဆိုတာကို ရေရေရာရာ နားမလည်တတ်ခဲ့လို့ထင်ပ အခုအချိန်ထိ လက်ထဲက ဘောပင်တစ်ချောင်း ဘယ်သူ လာထည့်ပေးသွားလဲဆိုတာ ကိုယ်တိုင်သိလိုက်ကြသလားဗျာ….

ပါးစပ်ပေါက်ပေါက်ဖောက်သလို သူ့အပြစ်ရှာပြီး ငါမှလူသားတန်ခိုးရှင်ရယ်လို့ ကြွေးကြော်ရင်း လီဆယ်စက်သေနတ်ကိုထုတ် ၀ပ်ပြားကျည်ဆံတွေနဲ့ ရန်သူလို့ ထင်ရသမျှအရာတွေကို  ပစ်ရမ်းနေမိတဲ့ ကျွန်တော့်ကို အကြမ်းရေလေး တစ်ခွက်သောက်လိုက် အမြည်းလက်ဖက်လေး တလုပ်စားလိုက်နဲ့ ဟာသဖတ်စာတစ်အုပ်ကို တမျက်နှာပြီး တမျက်နှာလှန်ကာ ထိုင်ရီရယ်မော ပိတိသောမန ခတ်နေတဲ့ ပရိသတ်ကရော ကျွန်တော် လူသားတစ်ယောက်ပါဆိုတာကို လက်ခံကြပါသလားဗျာ…

ကျွန်တော် လူသားတစ်ယောက်ပါ…

human

my world

 

Comments

Login to write comments!

Latest Titles

ဆောင်းပါး
1 ) ကလပ်နှစ်ခုရဲ့ အားအကိုးရဆုံးးတိုက်စစ်မှူးနှစ်ဦး၏ အပြင်းထန်ဆုံး စီးချင်းထိုးပွဲ သို့မဟုတ် ဂိုးမက်စ် vs ဒရော့ဘာ
2 ) ချယ်ဆီးနှင့် ဘိုင်ယန်တို့၏ ၁၉ ရက်နေ့ည အင်ပါယာဗိုလ်လုပွဲအတွက် ပရိသတ်များ ကြိုတင် သိထားသင့်သည့် အရေးကြီးသည့် သတင်းအချက်အလက်များ
3 ) ငွေလမင်းအားကစားဂျာနယ် အတွဲ ၁ အမှတ်စဉ် ၂ ထွက်ပြီ..
4 ) ငွေလမင်းဂျာနယ် စတင်ဖြန့်ချိ
Fan Articles
1 ) မော်ကြီးရဲ့ တော်ကီလိုလို ဘာလိုလို
2 ) ရောဂါသည်ကို ကစားနေရင်း အမှတ်တရအကျီပေးတဲ့ ဒိုလေးvideo
3 ) အပြာရောင်ငှက်မုဆိုးများ၏ ကြိုးကြာအမွေးနှုတ်ခန်း
4 ) Myanmar ManU fan page
ဟာသ
1 ) ဟ...ဟ..ဟာ....ဟား...ရီလိုက်ရ..၅
2 ) လျိုဝှတ်ချက်.....:P
3 ) သြော်.. မိန်းမ? မိန်းမ
4 ) မှောက်ရက် ကျမှာပေါ့
ပရိသတ်ထံမှ ပေးစာများ
1 ) Mutdfan.com ၏ Themes အရောင်အား ပြောင်းလဲပေးပါရန် တင်ပြခြင်း