ကလပ်နှစ်ခုရဲ့ အားအကိုးရဆုံးးတိုက်စစ်မှူးနှစ်ဦး၏ အပြင်းထန်ဆုံး စီးချင်းထိုးပွဲ သို့မဟုတ် ဂိုးမက်စ် vs ဒရော့ဘာဘိုင်ယန်ရော ချယ်ဆီးပါ ထိုနေ့ပွဲတွင် 4-2-3-1 ဆိုသည့် ကစားကွက်ဖြင့် မြူးနစ်မြို့ပိုင် Allianz Arena ကွင်းကြီးတွင် ပွဲထွက်လာကြဖွယ်ရှိပြီး ရှေ့တန်းရဲ့ မြှားဦးတွင် ဂိုးမက်စ်နှင့် ဒရော့ဘာတို့သည် Long Strickers များအဖြစ် တိုက်စစ်ကို ပုံဖော်သွားကြမည်ဟု ခန့်မှန်းရသည်။ ဆက်လက်ဖတ်ရှပါရန်0 Probe by : မှူးသခင် |
ချယ်ဆီးနှင့် ဘိုင်ယန်တို့၏ ၁၉ ရက်နေ့ည အင်ပါယာဗိုလ်လုပွဲအတွက် ပရိသတ်များ ကြိုတင် သိထားသင့်သည့် အရေးကြီးသည့် သတင်းအချက်အလက်များစနေနေ့ည ချန်ပီယံလိဂ်ဖလား ဖိုင်နယ်ပွဲသည် ဘောလုံးချစ်ပရိသတ်များအတွက် အလွန်တရာ စိတ်ဝင်စားဖို့ ကောင်းသည့် ပွဲတစ်ပွဲ ဖြစ်နေခြင်း အကြောင်းအရင်းမှာ စီရော်နယ်ပါဝင်သော စုဖွဲ့အားကောင်းသည့် ကစားသမားများကို ပိုင်ဆိုင်ထားသည့် စပယ်ရှယ်ဝမ်း မော်ရင်ဟို၏ အသင်းကို ဖြိုလှဲခဲ့သည့် ဘိုင်ယန်မြူးနစ်နှင့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင် မက်ဆီ ကို ပိုင်ဆိုင်ကာ ကမ္ဘာ့ဘောလုံးကစားနည်း ဟန်တစ်မျိုးကို ထုတ်ပြနိုင်ခဲ့သော ပက်ဂွာဒီယိုလာ၏ ဘာစီလိုနာအသင်းကို အံဖွယ် ပရိယာယ်ကောင်းကောင်းဖြင့် ဖြုတ်ချထားနိုင်ခဲ့သည် ချယ်ဆီးအသင်းတို့၏ ဥေ၇ာပဗိုလ် လုပွဲကြောင့်ပင် ဖြစ်တော့သည်။ အလွန်ပင် စိတ်ဝင်စားဖွယ် ကောင်းနေသည့် အဆိုပါ ဗိုလ်လုပွဲကြီးကို ယှဉ်ပြိုင်ကြမည့် ကလပ်နှစ်သင်းနှင့် သက်ဆိုင်သော အချက်အလက် တစ်ချို့ကို ဘောလုံးချစ် မက်ဖန် ပရိသတ်များ သိရှိလိုကြမည်ဟု ယူဆသည့်အတွက် ယခုလို စုဆောင်းတင်ဆက်လိုက်ခြင်းလည်း ဖြစ်ပါသည်။ ဆက်လက်ဖတ်ရှပါရန်1 Probe by : မှူးသခင် |
အက်ဖ်အေဖလား ရယူခြင်းဖြင့် ဒီမက်တီယိုကို အမြဲတမ်းနည်းပြ ဖြစ်စေရန် ကူညီကြပါစို့လို့ အသင်းဖေါ်တွေကို မေတ္တာရပ်ခံလိုက်တဲ့ ဂျွန်တယ်ရီ..မနက်ဖြန် လီဗာပူးလ် အသင်းနှင့် ကစားမည့် အက်ဖ်အေဖလား ဖိုင်နယ်လ်ပွဲစဉ်၌ အနိုင်ကစားပြီး ချန်ပီယံသရဖူကို ရယူခြင်းဖြင့် ယာယီနည်းပြ ဒီမက်တီယို အား ကူညီပေးကြပါရန် ချယ်လ်ဆီးအသင်းသားများသို့ ဂျွန်တယ်ရီက မေတ္တာရပ်ခံ ပန်ကြားလိုက်သည်။ ဆက်လက်ဖတ်ရှပါရန်0 Translated by : ချယ်ရီနှင်း |
ဆွမ်ဆီးဟာ မန်ယူကို အနိုင်ကန်နိုင်ပါတယ် (ဂျွန်ဟတ်ဆွန်)တနင်္ဂနွေနေ့ညတွင် ဆွမ်ဆီးအသင်းသည် မန်ချက်စတာယူနိုက်တက် အသင်းနှင့် ပွဲကြပ်တစ်ပွဲကို ရင်ဆိုင် ကစားရမည် ဖြစ်သည်။ ယူနိုက်တက် အသင်းသည် လက်ရှိပရီးမီးယားလိဂ် ဇယားတွင် မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းနှင့် ရမှတ်တူသော်လည်း ဂိုးကွာခြားချက်အရ ဒုတိယနေရာတွင် ရပ်တည်ရလျက် ရှိသလို နှစ်သင်းစလုံးသည် လက်ကျန်ပွဲ နှစ်ပွဲစီ ကျန်ရှိနေကြသေးသည်။ ဆက်လက်ဖတ်ရှပါရန်0 Written by : နန္ဒ |
ပြင်သစ်လက်ရွေးစင်ကစားသမားအိုလီဗီယာဂျီရော့ကို အာဆင်နယ်၊ စပါးစ်တို့နှင့်အပြိုင် လီဗာပူးကမ်းလှမ်းမည်လီဗာပူးအသင်းသည် ပြင်သစ်လက် ရွေးစင်ကစားသမားအိုလီဗီယာဂျီရော့ကို ပရီးမီးယားလိဂ်ပြိုင်ဘက် အာဆင်နယ်၊ စပါးစ်အသင်းတို့နှင့်အပြိုင် ကမ်းလှမ်းရန် အဆင်သင့်ဖြစ်နေကြောင်းသိရသည်။ ဆက်လက်ဖတ်ရှပါရန်0 Written by : ချယ်ရီနှင်း |
တစ်နေ့မှာ အာဆင်နယ်ဘော့စ်ဖြစ်လာဖို့ဆိုတာကို အိပ်မက်မက်နေပါတယ်ဆိုတဲ့ ဂန္ထ၀င်တိုက်စစ်မှူး အွန်နရီပြင်သစ်နှင့် အာဆင်နယ်အသင်းတို့၏ ဂန္ထ၀င်တိုက်စစ်မှူး သီယာရီအွန်နရီက အာဆင်နယ်အသင်းတွင် နည်းပြဖြစ်လာရေးမှာ ၄င်း၏ အိပ်မက်ပင်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ အာဆင်နယ်အသင်းတွင် ရှစ်ရာသီကြာ ကစားခဲ့ဖူးသည့် ပြင်သစ်တိုက်စစ်မှူး အွန်နရီမှာ ၂၀၀၇ ခုနှစ်တွင်မှ အာဆင်နယ်အသင်းကို စွန့်ခွာကာ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်သည်။ ၃၄ နှစ်အရွယ်ရှိနေပြီဖြစ်သည့် အွန်နရီမှာ ပြီးခဲ့သည့် ဇန်န၀ါရီလတွင် အာဆင်နယ်အသင်းသို့ နှစ်လအငှားစာချုပ်ဖြင့် ပြန်လည်လာရောက်ကစားခဲ့သေးပြီး လက်ရှိတွင် မေဂျာလိဂ်ကလပ် နယူးယောက်ရက်ဘူးလ်အသင်းတွင် ကစားနေသူ ဖြစ်သည်။ ဆက်လက်ဖတ်ရှပါရန်0 Translated by : မင်းသန့်ငယ်(ကလေး) |
မန်စီးတီးရဲ့ အကြီးမားဆုံး ပွဲစဉ်လာပါပြီ ဆိုပြီး မန်ချက်စတာဒါဘီကို ကြိုဆိုလိုက်တဲ့ ယာယာတိုယေးလာမည့် မန်ချက်စတာဒါဘီပွဲစဉ်အား မန်စီးတီးအသင်း၏ သမိုင်းတွင် အကြီးကျယ်ဆုံး ပြိုင်ပွဲများထဲမှ ပွဲစဉ်တစ်ပွဲ ဖြစ်လိမ့်မည်ဖြစ်ကြောင်း မန်စီးတီးကွင်းလယ်လူ ယာယာတိုယေးက မှတ်ချက်ပြုပြောကြားခဲ့သည်။ မန်စီးတီးအသင်းမှာ ပရီးမီးယားလိဂ်တွင် ပထမနေရာ ပြန်လည်ရယူနိုင်ရေးအတွက် မန်ချက်စတာဒါဘီပွဲစဉ်တွင် အနိုင်ရလဒ်ကို မဖြစ်မနေ ရှာဖွေရမည်ဖြစ်ပြီး ယင်းပွဲတွင်သာ မျှော်လင့်ထားသည့် အတိုင်း ဖြစ်လာပါက မန်စီးတီးအသင်းမှာ မန်ယူအသင်းနှင့် ရမှတ်တူအနေအထားတွင် ဂိုးကွာခြားချက်အသာဖြင့် ဇယားထိပ်ဆုံးမှ ရပ်တည်နိုင်မည်ဖြစ်သည်။ ဆက်လက်ဖတ်ရှပါရန်0 Translated by : မင်းသန့်ငယ်(ကလေး) |
ကမ္ဘာ့အကောင်းဆုံးဆိုသူတွေ မပါတဲ့ ယူရိုစပေါ့၏ ယခုသတင်းပတ်အတွက် အကောင်းဆုံး ၁၁ ယောက်ယူရိုစပေါ့မှ ဘောလုံးကျွမ်းကျင်သူ (Experts) များနှင့် ဘောလုံးဝါသနာရှင်များ ပေးသော ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဝင် လေးသင်း၏ ယခုသတင်းပတ်အတွက် နေရာအလိုက် အကောင်းဆုံး ရွေးချယ်မှုကို ပြန်လည် တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ကမ္ဘာ့အကောင်းဆုံးကစားသမားများဟု သတ်မှတ်ခြင်းခံထားရသော ဘာစီလိုနာမှ မက်ဆီ၊ အက်နစ္စတာ၊ ဇာဗီ အစရှိသည့် ကစားသမားများအပြင် ရီးယဲမက်ဒရစ်မှ ခရစ်စတီယာနို ရော်နယ်ဒိုတို့သည် ယခုသတင်းပတ်အတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲ၏ ဆီးမီးဖိုင်နယ်အဆင့် ပထမအကျော့ကို ပါဝင် ကစားသွားခဲ့ကြပြီး အသီးသီး အရေးနိမ့်မှုကို ရင်ဆိုင်ခဲ့ကြရသလို ယူရိုစပေါ့မှ ဘောလုံးကျွမ်းကျင်သူများနှင့် အားကစားဝါသနာရှင်များ၏ စစ်တမ်းအရ အကောင်းဆုံး ကစားသမားများအဖြစ်မှလည်း ဘေးဖယ်ခြင်းခံခဲ့ရသည်။ ဆက်လက်ဖတ်ရှပါရန်0 Probe by : မှူးသခင် |
ရုရှားပိုင်ရှင်သစ်တွေ တိုးပွားလာဦးမယ့် ပရီးမီးယားလိဂ်အင်္ဂလန် ပထမတန်းဟု ဆိုရမည့် ချန်ပီယံရှစ်တွင် အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်ကာ ချန်ပီယံအဖြစ် ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရနိုင်သည့် ရီးဒင်းအသင်းသည် အသင်း၏ ရှယ်ယာတစ်ဝက်ကျော်ကို ရုရှားလူမျိုး သူဌေးတစ်ဦးထံ ရောင်းချ၇န် သဘောတူညီခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။ အသင်းအား နှစ်ရှည်လများပိုင်ဆိုင်ထားခဲ့သည့် မာဒစ်စကီးက ၄င်းပိုင်ရှယ်ယာများမှ 51 % ကို ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှ လုပ်ငန်းရှင် အန်တွန်ဇင်ဂါရီဗစ်ခ်ျထံ ပေါင် ၂၅ သန်းဖြင့် ရောင်းချရန် သဘောတူညီခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။ ဆက်လက်ဖတ်ရှပါရန်0 Translated by : မင်းသန့်ငယ်(ကလေး) |
ဒိုင်လူကြီးမှာ ရွေးချယ်စရာ မရှိပေမယ့် ဒယ်ရီကတော့ လွဲချော်ခဲ့ရပါပြီ၊ ယန်းက လူကျွံအနေအထားမှာပါ ဆိုတဲ့ ဆာအဲလက်ဖာဂူဆန်ပြီးခဲ့သည့် မန်ယူနှင့် ကျူပီအာတို့ပွဲစဉ်တွင် မန်ယူအသင်းက နှစ်ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပြီး အာဆင်နယ်အား ရှုံးနိမ့်ခဲ့သည့် မန်စီးတီးအသင်းထက် ရှစ်မှတ်ကွာအနေအထားမှ အပြတ်အသတ်ဦးဆောင်နိုင်ခဲ့ပြီဖြစ်သည်။ သို့သော်လည်း မန်ယူပွဲမှ ဖြစ်ရပ်များကြောင့် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ရသည်။ အဆိုပါပွဲစဉ်တွင် ကွင်းလယ်ဒိုင်လူကြီး လီမေဆန်မှာ ပွဲအစ 14 မိနစ်တွင်ပင် ကျူပီအာ ကွင်းလယ်လူ ဒယ်ရီကို အနီကဒ်ပြထုတ်ပယ်ခဲ့ပြီး မန်ယူအသင်းအား ပင်နယ်တီပေးခဲ့ရာ ဒယ်ရီတားဆီးခဲ့သည့် အက်ရှ်လေယန်းမှာ လူကျွံအနေအထားတွင် ရှိနေခဲ့ခြင်းကြောင့် ဒိုင်လူကြီး၏ လက်ဆောင်ပင်နယ်တီကို မန်ယူအသင်းရရှိခဲ့ပြီး ပွဲအား အလွယ်တကူဦးဆောင်ကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ မန်ယူနည်းပြ ဖာဂူဆန်ကိုယ်တိုင်က လူကျွံဘောအဖြစ် လက်ခံကာ ထုတ်ဖော်ပြောကြားမှုများ ပြုလုပ်ခဲ့သည်။ ဆက်လက်ဖတ်ရှပါရန်0 Translated by : မင်းသန့်ငယ်(ကလေး) |
လတ်တလော သတင်းများရဲ့ ဦးတည်ရာ ဗန်ပါစီနဲ့ အတွေးတချို့နွေရာသီမရောက်ခင် ကြိုတင်လှုပ်ရှားမှုများနဲ့ ဘောလုံးသမားဈေးကွက် လှုပ်ခတ်မှုသည် ၂၀၁၂ခုနှစ်မှာတော့ ဗန်ပါစီနဲ့ စတင်မလားဆိုတာ စီးတီးအသင်း နည်းပြ မန်စီနီရဲ့ လတ်တလော ပြောလိုက်သည့် မှတ်ချက်အချို့ကြောင့် စဉ်းစားစရာ ဖြစ်လာပါပြီ။ အာစင်ဝင်းဂါးအဖို့ အခြားအသင်းများးနှင့် ယှဉ်ကာ ကစားသမားတစ်ဦးကို ဘယ်တုန်းကမှ လစာပေးလေ့မရှိခြင်းနှင့် အများအကြိုက် ကစားသမားကို ၀ယ်ယူဖြည့်တင်းကာ အသင်းကို တည်ဆောက်လေ့မရှိခြင်းတို့ကြောင့် ဖလားရနိုင်ချေ သို့မဟုတ် အောင်မြင်မှု ရာခိုင်နှုန်းမှာ ဗန်ပါစီ၏ မျက်လုံးအိမ်အတွင်း ကိန်းအောင်နေနိုင်ဖို့ ရာနှုန်းနည်းပါးနေမည် အပြင် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့သည့်အတွက် ဗန်ပါစီ၏ ဆုံးဖြတ်ခြင်းသည် ခရာကျနေဦးမည် ဖြစ်သည်။ ဆက်လက်ဖတ်ရှပါရန်0 Written by : နန္ဒ |
ယခုလ (၁၂) ရက်နေ့တွင် ကျင်းပမည့် (၁၀) တန်း စာမေးပွဲ အတွင်း မရမ်းချောင်ကျေးရွာမှာ ချို့တဲ့ ကျောင်းသား/သူ များအား ထိရောက်စွာ အကူ အညီပေးနိုင်ခဲ့
ယခုလ (၁၂) ရက်နေ့မှာကျင်းပမည့် (၁၀) တန်း စာမေးပွဲမှာ မရမ်းချောင် ကျေးရွာ ကနေ စာမေးပွဲ ဖြေကြမယ့် ကျောင်းသား ကျောင်းသူ တွေအတွက် ၊ ယနေ့ (06/03/2012) မှာ ပထမ အကျော့ အနေဖြင့် အနီးကပ် ပံ့ပိုးမှု့တွေကို မတ်ဖန်ကနေ ထိထိရောက်ရောက် လုပ်ဆောင် နိုင်ခဲ့ပါတယ် ။ ချို့တဲ့သူများ ဖြစ်တာနှင့် အညီ စာမေးပွဲ အတွင်း အဓိက လိုအပ်နေတာတွေ ကို အတတ်နိုင်ဆုံး ၀ယ်ယူ ဖြည့်တင်းပေးနိုင်ခဲ့ပြီး ၊ ကလေးတွေရဲ့ စာမေးပွဲအတွင်း အစားအသောက် အဆင်ပြေစေရန်နဲ့ လိုအပ်နေတဲ့ ကိစ္စအ၀၀ ကို ကျောင်းအကျိုးတော်ဆောင် ၊ ဆရာမတွေနှင့် တိုင်ပင်ကာဖြင့် အလှူရှင်တွေရဲ့ ငွေအင်အားကို သုံးပြီး အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ကြောင်းကို တင်ပြလိုက်ပါသည် ။ ဆက်လက်ဖတ်ရှပါရန်0 Written by : မောရစ် |
|
|
ချင်းယူနိုက်တက်အသင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုယ်စားပြု မောရ၀တီအသင်းတို့ပါဝင်လာ၍
|
ကိုလိုတိုရေးနဲ့ ကျွန်တော်ကြားမှာ ဘာပြဿနာမှ မရှိပါဖူး - မန်စီနီမန်စီးတီအသင်းနည်းပြ ရော်ဘတ်တိုမန်စီနီက ၄င်းနှင့် နောက်ခံလူ ကိုလိုတိုရေးတို့ အကြား မည်သည့်ပြဿနာမှ မရှိကြောင်းနှင့် အသင်း၌နေရာမရသဖြင့် အင်တာဗျူးတခုတွင် တိုရေး ပြောကြားခဲ့သော မှတ်ချက်အပေါ်တွင်လည်း တစုံတရာ အရေးမယူပဲ ခွင့်လွှတ်ပေးခဲ့ကြောင်း ပြောကြားလိုက်သည်။ ဒီ အိုင်ဗရီကို့စ်သားဟာ ပြင်သစ်သတင်းစာတခုနှင့် အင်တာဗျူးတွင် အသင်း၌ နေရာမရဖြစ်နေမှု့တို့ကို ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ် ဘိုင်ယန်မြူးနစ်အသင်းနှင့် ပွဲကြိုတွေ့ဆုံပွဲ၌ မန်စီနီက အခုလိုပြောကြားခဲ့သည်။ ဆက်လက်ဖတ်ရှပါရန်0 Translated by : ဇော်ပြေအေး |












