ကလပ်နှစ်ခုရဲ့ အားအကိုးရဆုံးးတိုက်စစ်မှူးနှစ်ဦး၏ အပြင်းထန်ဆုံး စီးချင်းထိုးပွဲ သို့မဟုတ် ဂိုးမက်စ် vs ဒရော့ဘာဘိုင်ယန်ရော ချယ်ဆီးပါ ထိုနေ့ပွဲတွင် 4-2-3-1 ဆိုသည့် ကစားကွက်ဖြင့် မြူးနစ်မြို့ပိုင် Allianz Arena ကွင်းကြီးတွင် ပွဲထွက်လာကြဖွယ်ရှိပြီး ရှေ့တန်းရဲ့ မြှားဦးတွင် ဂိုးမက်စ်နှင့် ဒရော့ဘာတို့သည် Long Strickers များအဖြစ် တိုက်စစ်ကို ပုံဖော်သွားကြမည်ဟု ခန့်မှန်းရသည်။ ဆက်လက်ဖတ်ရှပါရန်0 Probe by : မှူးသခင် |
ချယ်ဆီးနှင့် ဘိုင်ယန်တို့၏ ၁၉ ရက်နေ့ည အင်ပါယာဗိုလ်လုပွဲအတွက် ပရိသတ်များ ကြိုတင် သိထားသင့်သည့် အရေးကြီးသည့် သတင်းအချက်အလက်များစနေနေ့ည ချန်ပီယံလိဂ်ဖလား ဖိုင်နယ်ပွဲသည် ဘောလုံးချစ်ပရိသတ်များအတွက် အလွန်တရာ စိတ်ဝင်စားဖို့ ကောင်းသည့် ပွဲတစ်ပွဲ ဖြစ်နေခြင်း အကြောင်းအရင်းမှာ စီရော်နယ်ပါဝင်သော စုဖွဲ့အားကောင်းသည့် ကစားသမားများကို ပိုင်ဆိုင်ထားသည့် စပယ်ရှယ်ဝမ်း မော်ရင်ဟို၏ အသင်းကို ဖြိုလှဲခဲ့သည့် ဘိုင်ယန်မြူးနစ်နှင့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင် မက်ဆီ ကို ပိုင်ဆိုင်ကာ ကမ္ဘာ့ဘောလုံးကစားနည်း ဟန်တစ်မျိုးကို ထုတ်ပြနိုင်ခဲ့သော ပက်ဂွာဒီယိုလာ၏ ဘာစီလိုနာအသင်းကို အံဖွယ် ပရိယာယ်ကောင်းကောင်းဖြင့် ဖြုတ်ချထားနိုင်ခဲ့သည် ချယ်ဆီးအသင်းတို့၏ ဥေ၇ာပဗိုလ် လုပွဲကြောင့်ပင် ဖြစ်တော့သည်။ အလွန်ပင် စိတ်ဝင်စားဖွယ် ကောင်းနေသည့် အဆိုပါ ဗိုလ်လုပွဲကြီးကို ယှဉ်ပြိုင်ကြမည့် ကလပ်နှစ်သင်းနှင့် သက်ဆိုင်သော အချက်အလက် တစ်ချို့ကို ဘောလုံးချစ် မက်ဖန် ပရိသတ်များ သိရှိလိုကြမည်ဟု ယူဆသည့်အတွက် ယခုလို စုဆောင်းတင်ဆက်လိုက်ခြင်းလည်း ဖြစ်ပါသည်။ ဆက်လက်ဖတ်ရှပါရန်1 Probe by : မှူးသခင် |
ငွေလမင်းအားကစားဂျာနယ် အတွဲ ၁ အမှတ်စဉ် ၂ ထွက်ပြီ..မနက်ဖြန် (ကြာသာပတေးနေ့တွင်) မြန်မာနိုင်ငံ တ၀ှမ်း၌ ငွေလမင်းအားကစားဂျာနယ် အတွဲ ၁ အမှတ်စဉ် ၂ ကို ၀ယ်ယူ အားပေးနိုင်တော့မည် ဖြစ်ပါကြောင်း မတ်ဖန်ပရိသတ်များအား အသိပေး တင်ပြအပ်ပါသည်။ ဆက်လက်ဖတ်ရှပါရန်0 Probe by : ဇော်ဇော် |
ငွေလမင်းဂျာနယ် စတင်ဖြန့်ချိမနက်ဖြန်နံနက်ပိုင်းမှ စတင်ပြီး မြန်မာပြည်တွင်း၌ ငွေလမင်းအားကစားဂျာနယ် စတင်ဖြန့်ဝေတော့မည် ဖြစ်ပါသည်။ ဆက်လက်ဖတ်ရှပါရန်0 Written by : ဇော်ဇော် |
ကမ္ဘာ့အကောင်းဆုံးဆိုသူတွေ မပါတဲ့ ယူရိုစပေါ့၏ ယခုသတင်းပတ်အတွက် အကောင်းဆုံး ၁၁ ယောက်ယူရိုစပေါ့မှ ဘောလုံးကျွမ်းကျင်သူ (Experts) များနှင့် ဘောလုံးဝါသနာရှင်များ ပေးသော ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဝင် လေးသင်း၏ ယခုသတင်းပတ်အတွက် နေရာအလိုက် အကောင်းဆုံး ရွေးချယ်မှုကို ပြန်လည် တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ကမ္ဘာ့အကောင်းဆုံးကစားသမားများဟု သတ်မှတ်ခြင်းခံထားရသော ဘာစီလိုနာမှ မက်ဆီ၊ အက်နစ္စတာ၊ ဇာဗီ အစရှိသည့် ကစားသမားများအပြင် ရီးယဲမက်ဒရစ်မှ ခရစ်စတီယာနို ရော်နယ်ဒိုတို့သည် ယခုသတင်းပတ်အတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲ၏ ဆီးမီးဖိုင်နယ်အဆင့် ပထမအကျော့ကို ပါဝင် ကစားသွားခဲ့ကြပြီး အသီးသီး အရေးနိမ့်မှုကို ရင်ဆိုင်ခဲ့ကြရသလို ယူရိုစပေါ့မှ ဘောလုံးကျွမ်းကျင်သူများနှင့် အားကစားဝါသနာရှင်များ၏ စစ်တမ်းအရ အကောင်းဆုံး ကစားသမားများအဖြစ်မှလည်း ဘေးဖယ်ခြင်းခံခဲ့ရသည်။ ဆက်လက်ဖတ်ရှပါရန်0 Probe by : မှူးသခင် |
ငွေလမင်း အားကစားဂျာနယ် ဖြန့်ချိရေး နယ်ကိုယ်စားလှယ် လုပ်လိုသူများ အားဖိတ်ခေါ်ခြင်းငွေလမင်း အားကစားဂျာနယ်ကို လာမည့် အပတ်အတွင်း မြန်မာပြည်တွင် မရှိဖူးသေးသော အသွင်သစ်ပုံစံများဖြင့် စတင် ထုတ်ဝေ ဖြန့်ချိတော့မည်ဖြစ်ရာ ရန်ကုန်၊ မန္တလေး၊ မှအပ အခြားမြို့နယ်များ အားလုံးသို့ တိုက်ရိုက်ဖြန့်ချိရေး ပုံစံသစ်ဖြင့် ဖြန့်ချိလိုပါသည်။ ဆက်လက်ဖတ်ရှပါရန်0 Written by : ဇော်ဇော် |
မလေးရှားနိုင်ငံတွင် မြန်မာအတာသင်္ကြန်ပွဲ ဆင်နွဲရန် ဖိတ်ကြားခြင်း။မလေးရှားနေ မတ်ဖန် ပရိသတ်များအားလုံးအား ဖိတ်ကြားအပ်ပါသည်။ ဆက်လက်ဖတ်ရှပါရန်0 Probe by : admin |
မွေးရာပါ နှလုံးရောဂါသည် မြန်မာကလေးငယ် တစ်ယောက်၏ အသက်ကို ကယ်တင်နိုင်ခဲ့ပုံ ဆရာတော်၏ ဂုဏ်ယူမိကြောင်း စာပေလွှာ..မတ်ဖန်မှ မိသားစုဝင်များခင်ဗျား.. မတ်ဖန်ဖေါင်ဒေးရှင်းက လုပ်တဲ့ ပရိဟိတ လုပ်ငန်းတွေမှာ ရှေ့ဆောင်နာယက ဆရာတော် တစ်ပါးအနေနဲ့ အမြဲတမ်း ထောက်ပံ့ပေးနေတဲ့ မလေးရှားနိုင်ငံ စရိယာရာမကျောင်း ဆရာတော် ဦးစရိယရဲ့ မေတ္တာတော်ကြောင့် မလေးရှားနိုင်ငံကို ရောက်နေတဲ့ မွေးရာပါ နှလုံးရောဂါသည်လေး တစ်ယောက်ရဲ့ အသက်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဒီလို ကယ်ဆယ်ခဲ့ပုံလေးကို မတ်ဖန်က မိသားစုဝင်များ သိရှိနိုင်စေရေးအလို့ငှါ ဆရာတော်ပေးပို့လာတဲ့ စာလေးကို မတ်ဖန်ကနေတဆင့် ပြန်လည် တင်ပြအပ်ပါတယ်။ ဆက်လက်ဖတ်ရှပါရန်1 Written by : ဇော်ဇော် |
မြန်မာ့ ဘောလုံးချစ် ပရိသတ်တွေ သိပ်စိတ်မ၀င်စားတဲ့ AFC Cup ဘောလုံးပွဲ (ဧရာဝတီယူနိုက်တက် ၃-၁ ကီလင်တန် ))ဒီနေ့ညနေမှာ ရန်ကုန်မြို့ သုဝဏ္ဏလူငယ်လေ့ကျင့်ရေး ဘောလုံးကွင်းကြီးထဲမှာ AFC ဖလားပြိုင်ပွဲအဖြစ် အုပ်စု H ရဲ့ ဧရာဝတီယူနိုက်တက် အသင်းနဲ့ မလေးရှားနိုင်ငံအခြေစိုက် ကီလင်တန် အသင်းတို့ ယှဉ်ပြိုင် ကစားမှာမို့ စာရေးသူလည်း မတ်ဖန်ကပရိသတ်တွေ အတွက် မတူတဲ့ ရှုထောင့်ကနေ သတင်းတင်ပြနိုင်ရေး ကြိုးပမ်းခဲ့ပါတယ်။ ဆက်လက်ဖတ်ရှပါရန်0 Written by : ဇော်ဇော် |
အထူးဝမ်းနည်းကြေကွဲခြင်း..Mutdfan.com ၏ ဒု-အယ်ဒီတာချူပ် ဦးမင်းထွန်းထွန်းဝင်း (ရှေးဟောင်းသုတေသန ဦးစီးဌါန) (မှူးသခင်-Mutdfan.com) ၏ မွေးသ ဖခင် ကျေးဇူးရှင် ပန်းချီဆရာကြီး ဦးမင်းစံချိန် (ခ)မင်းစံချိန်၊ ကထိက (ငြိမ်း) ယဉ်ကျေးမှု ၀န်ကြီးဌါန၊ အသက် ၇၂နှစ် သည် ၁၂.၃.၂၀၁၂ ရက်နေ့က ရန်ကုန်မြို့ နေအိမ်၌ ၉၆ ပါးသော ရောဂါ ဝေဒနာများဖြင့် ဘ၀တစ်ပါးသို့ ပြောင်းရွှေ့ ကွယ်လွန်သွားကြောင်း သိရှိရပါသည်။ ဆက်လက်ဖတ်ရှပါရန်4 Probe by : Mutdfan.com |
လတ်တလော သတင်းများရဲ့ ဦးတည်ရာ ဗန်ပါစီနဲ့ အတွေးတချို့နွေရာသီမရောက်ခင် ကြိုတင်လှုပ်ရှားမှုများနဲ့ ဘောလုံးသမားဈေးကွက် လှုပ်ခတ်မှုသည် ၂၀၁၂ခုနှစ်မှာတော့ ဗန်ပါစီနဲ့ စတင်မလားဆိုတာ စီးတီးအသင်း နည်းပြ မန်စီနီရဲ့ လတ်တလော ပြောလိုက်သည့် မှတ်ချက်အချို့ကြောင့် စဉ်းစားစရာ ဖြစ်လာပါပြီ။ အာစင်ဝင်းဂါးအဖို့ အခြားအသင်းများးနှင့် ယှဉ်ကာ ကစားသမားတစ်ဦးကို ဘယ်တုန်းကမှ လစာပေးလေ့မရှိခြင်းနှင့် အများအကြိုက် ကစားသမားကို ၀ယ်ယူဖြည့်တင်းကာ အသင်းကို တည်ဆောက်လေ့မရှိခြင်းတို့ကြောင့် ဖလားရနိုင်ချေ သို့မဟုတ် အောင်မြင်မှု ရာခိုင်နှုန်းမှာ ဗန်ပါစီ၏ မျက်လုံးအိမ်အတွင်း ကိန်းအောင်နေနိုင်ဖို့ ရာနှုန်းနည်းပါးနေမည် အပြင် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့သည့်အတွက် ဗန်ပါစီ၏ ဆုံးဖြတ်ခြင်းသည် ခရာကျနေဦးမည် ဖြစ်သည်။ ဆက်လက်ဖတ်ရှပါရန်0 Written by : နန္ဒ |
အသက်ငင်နေတဲ့ မြစ်တစ်စင်း၊ ပြုပြင်ရန် လိုအပ်နေပြီး ရောင်ခြည်တော်လွှတ်လေ့ရှိတဲ့ စေတီတစ်ဆူ နဲ့ မေ့မထားသင့်တဲ့ နာဂတောင်တန်း...လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က မလေးရှားနိုင်ငံ ကွာလမ်လာပူမြို့ စရိယာရာမ ကျောင်းမှာ သီတင်းသုံးတဲ့ ဆရာတော် ဦးစရိယနဲ့အတူ ရန်ကုန်မြို့ကနေ မြန်မာနိုင်ငံ ဦးခေါင်းချိုင့်ဝှမ်းဒေသအဖြစ် အများက အမှတ်သညာပြုကြတဲ့ နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ လေရှီးမြို့ကို ခရီးထွက်ခဲ့ပါတယ်။ ဆက်လက်ဖတ်ရှပါရန်0 Written by : ဇော်ဇော် |
ပရီမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုကို မန်ယူအသင်းက ရရှိသင့်ခြင်းရဲ့ အကြောင်းအရင်းအခြားသော နိုင်ငံက မန်ယူဖန်တစ်ဦးရဲ့ ပရီမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုကို မန်ယူအသင်းက ရရှိသင့်ခြင်းရဲ့ အကြောင်းအရင်း ဆယ်ချက်ကို ရှာဖွေတင်ဆက်ထားမှုကို ဆီလျော်အောင် ဘာသာပြန်ရေးဖွဲ့လိုက်ပါတယ်...———————————————————————————————————————————————————————————————ဒီရာသီမှာတော့ မန်ယူအသင်းအနေနဲ့ ပရီမီးယားလိဂ် အမှတ်ပေးချန်ပီယံကို အကြိမ်နှစ်ဆယ်မြောက် ဆွတ်ခူးသင့်ပါတယ်.. ဘာလို့လဲဆိုတော့ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေဟာ ဒီရာသီမှာ မန်ယူအသင်း အနေနဲ့ မဖြစ်မနေ ဆွတ်ခူးသင့်တဲ့ အခြေအနေတွေဆိုတာကို ထင်ဟပ်ပြသနေလို့ပါပဲ.. ကဲ ဘာတွေလဲ ဆက်ကြည့်ရအောင်ဗျာ...... ဆက်လက်ဖတ်ရှပါရန်6 Translated by : ၀င်းမင်းဆန်း |
ဂျွန်တယ်ရီအပေါ် အင်္ဂလန်အသင်းရဲ့ ဝရုန်းသုန်းကား ဖြစ်မှုများသို့ကြောင့် ဇူလိုင်လတွင်းမှ တယ်ရီ၏ အမှုအား ကြားနာဖို့ အမိန့်ချထားသော အက်ဖ်အေ (အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်) အနေဖြင့် တယ်ရီအား အင်္ဂလန် လက်ရွေးစင် အသင်းအတွက် အမှန်တကယ် မရှိမဖြစ် လိုအပ်နေသည်မှာ ထင်ရှားနေခဲ့ပြီး နောက်ဆုံးတွင် ကာပယ်လို၏ ဆန္ဒကို ဖြည့်ဆည်းသွားဖွယ် ရှိနေသည်။ သို့သော်လည်း ပြစ်ဒဏ်ထင်ရှားမှု ရှိမရှိ မသိရသေးသော်လည်း အမှုစစ်ဆေးကြားနာမှု မတိုင်ခင်အချိန်တွင် အင်္ဂလန် အသင်းခေါင်းဆောင် လက်ပတ် ဖြုတ်ခံခဲ့ရသော တယ်ရီ၏ ပြဿနာအား ရင်ဆိုင်ရမည့် ပထမဆုံး လူသည် ချဲလ်ဆီး နည်းပြ ဗီးလပ်စ်-ဘိုအာ့စ်ပင် ဖြစ်ပေလိမ့်မည်။ ဘိုအာ့စ်သည် တယ်ရီနှင့် အနီးကပ်ဆုံး ဆတ်ဆံ နေရသူ ဖြစ်ပြီး အခြားနိုင်ငံသား များစွာ ရှိသော ချဲလ်ဆီးအသင်းတွင် တယ်ရီနှင့် အခြားကစားသမားများ အကြား ဖြစ်ပေါ်လာနိုင်သည့် ပြဿနာအတွက် ခေါင်းစားရမည့်သူ ဖြစ်သည်။ ဆက်လက်ဖတ်ရှပါရန်1 Translated by : ယုန်လေး |
၂၀၂၂ ကမ္ဘာ့ဖလားအတွက် အံ့ဖွယ် ဘောလုံးကွင်းများ တည်ဆောက်နေတဲ့ ကာတာ (ဓာတ်ပုံများ)၂၀၂၂ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပုံမှန်အားဖြင့် ဇွန်လနှင့် ဇူလှိုင်လတွင် ကျင်းပသွားရန် အစီစဉ်ရေးဆွဲ ထားသော်လည်း၊ ဆောင်းရာသီတွင်သာ ကျင်းပရန် အဆိုတင်သွင်းမှုများ ပြုလုပ်ထားသည်။ အဆိုပါ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အိမ်ရှင်အပါအ၀င် နိုင်ငံပေါင်း(၃၂)နိုင်ငံ ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ ယခုပြိုင်ပွဲမှာ အာရှအရှေ့ အလယ်ပိုင်းတွင် ကမ္ဘာ့ဖလား ပြိုင်ပွဲတစ်လျှောက် ပထမဆုံးအကြိမ်ကျင်းပခွင့် ရသော ပြိုင်ပွဲဖြစ်သည်။ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရထားသော ကာတာက အလှပဆုံးသော အံ့ဖွယ်ကွင်းကြီးများ တည်ဆောက်သွားရန် အစီစဉ်များ ရေးဆွဲထားသည်။ ဆက်လက်ဖတ်ရှပါရန်2 Written by : အောင်ဇော်လတ်(မိုးနဲ) |
ဘာစီလိုနာစတား ဇာဗီထက် ပိုမိုတိကျသေသပ်တဲ့ ဘောလုံးဖြန့်ဝေမှုတွေ ပြုလုပ်နိုင်တဲ့ ဆွမ်းဆီးကွင်းလယ်ကစားသမားဥရောပဘောလုံးလောကမှာ ကွင်းလယ်ဗဟိုကနေ ဘောလုံးဖြန့်ဝေမှုတွေ အကောင်းဆုံး ပြုလုပ်နိုင်တာ ဘယ်သူလဲ ဆိုရင် ဘာစီလိုနာစတား ဇာဗီကို ပြေးပြီးမြင်ယောာင်ကြမှာပါ။ တစ်ကမ္ဘာလုံးနဲ့ ယှဉ်ပြီး စဉ်းစားကြမယ် ဆိုရင်တောင် ဇာဗီသာ အကောင်းဆုံးကွင်းလယ်ကစားသမား ဆိုပြီးတော့ သုံးသပ်ကြမှာ မလွဲပါပဲ။ ဒါပေမယ့် အချက်အလက်များအရတော့ အဲဒါ အမှန်တရား မဟုတ်ပါဘူး။ ဇာဗီထက် ကွင်းလယ်မှာဘောလုံး ဖြန့်ဝေမှု ပိုမိုတိကျသေသပ်တဲ့ ကစားသမား တစ်ယောက် ရှိနေပါတယ်။ အဲဒီ ကစားသမားကတော့ ပရီးမီးယားလိဂ်မှ မထင်မရှား အသင်းငယ်လေး ဖြစ်တဲ့ ဆွမ်ဆီး အသင်းက ဆိုလျှင် ပရိသတ်ကြီးများ အံ့အားသင့်ကောင်း အံအားသင့်ကြပေလိမ့်မည်။ ဆက်လက်ဖတ်ရှပါရန်1 Written by : အောင်စိုးမိုး |












