Latest : ပရိသတ်ထံမှ ပေးစာ

ဘီလီယံနာ ဘောလုံးသမားတွေ လုပ်သမျှ ....
Posted By (7blue)

ဆက်လက်ဖတ်ရှပါရန် ပေးစာများ

Latest : ဟာသ

ချစ်ကြည်ရေးပွဲနှင့် အနော်၏ ကွန်မန့်  :D
Posted By (punkghost)

ဆက်လက်ဖတ်ရှပါရန် ဟာသများ

Latest : ဆောင်းပါး

ပြောမယုံ၊ ကြုံဖူးမှသိ (ခရီးစဉ် Video နှင့် ဓါတ်ပုံများ ရယူနိုင် )
Posted By (ဇော်ဇော်)

ဆက်လက်ဖတ်ရှပါရန် ဆောင်းပါးများ

Latest : Fan Writing

သတိပြု စိစစ်ပေးပါရန်
Posted By (nga pyin)

ဆက်လက်ဖတ်ရှပါရန် Fan Writings

Hosting ပိုင်းဆိုင်ရာ အခက်အခဲများကြောင့် Mutdfan.com ကို ယာယီအားဖြင့် mmDailyNews.com ဖြင့် တင်ဆက်သွားမည် ဖြစ်ပြီး မကြာမီ Mutdfan.com ဖြင့်ပင် ပြန်လည် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။ အဆင်မပြေမှုများအတွက် အနူးအညွတ် တောင်းပန်အပ်ပါသည်။           

mutdfan
place for your Website advertisement
(20$ for Monthly fees)!
Contact:
place for your Website advertisement
(20$ for Monthly fees)!
Contact:
place for your Website advertisement
(10$ for Monthly fees)!
Contact:
place for your Website advertisement
(10$ for Monthly fees)!
Contact:
place for your Website advertisement
(10$ for Monthly fees)!
Contact:
place for your Website advertisement
(5$ for Monthly fees)!
Contact:
place for your Website advertisement
(5$ for Monthly fees)!
Contact:
place for your Website advertisement
(5$ for Monthly fees)!
Contact:

အင်္ဂလန်နောက်တန်း ဖီး ဂျာဂီကာ က မန်ချက်စတာယူနိုက်တက် အသင်း၏ ၀ိန်းရွန်းနီ အဲဗာတန် ပရိတ်သတ်များ လှောင်ပြောင်နိုင်မည် ဟု သတိပေး

၁၁-၀၉-၂၀၁၀ ရက်နေ့ တွင် အဲဗာတန် နှင့် မန်ချက်စတာ ယူနိုက်တက်တို့  ပရီးမီးယားလိဂ် ၏ ပွဲစဉ် ၄ ကို ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည် ။ ၄င်းပွဲတွင် ရွန်းနီပါဝင်လာပါက အဲဗာတန် ပရိတ်သတ်တို့  လှောင်ပြောင်မှုကို ၀ိန်းရွန်းနီ ခံ၇ဖွယ်ရှိနေသည်။အဲဗာတန် နောက်ခံ ဂျာဂီကာ ကတော့ "Goodison Park မှာကစားမယ့်ပွဲမှာ ၀ိန်းရွန်းနီ ကို အဲဗာတန် ပရိတ်သတ်တို့က တစုံတရာ တုန့်  ပြန်လိမ့်မယ် "လို့ ယုံကြည်နေပါတယ်။
(69) (4)
Last Updated at 16:51 GMT, Friday, 10 September 2010 16:51 MM   Translated by : ကိုဟီးရိုး
ဆက်လက်ဖတ်ရှပါရန်

ကာပယ်လိုနေရာ ဆက်ခံရန် ဆမ်အလာဒွိုက်စ်နှင့် စတိဗ်ဘရုစ်တို့လည်း ပစ်မှတ်ထားနေကြ။

ဖေဘီယို ကာပယ်လိုက ယူရို-၂၀၁၂ ပြိုင်ပွဲအပြီးတွင် အနားယူမည်ဟု ပြောကြားထားပြီး အက်ဖ်အေက အင်္ဂလန်နည်းပြရာထူးကို အင်္ဂလိပ်လူမျိုး ခန့်အပ်သွားမည်ဟု ပြောကြားထားရာ စပါးစ်နည်းပြ ဟယ်ရီရက်နက်ပ်က စိတ်ဝင်စားကြောင်း ဖွင့်ဟခဲ့ပြီးနောက် ဆမ်အလာဒွိုက်စ်နှင့် စတိဗ်ဘရုစ်တို့ကလည်း အင်္ဂလန်နည်းပြရာထူးအတွက် အပြိုင်အဆိုင် ပစ်မှတ်ထားနေကြကြောင်း ပြောကြားလာကြသည်။
အင်္ဂလန်နည်းပြအဖြစ် ကာပယ်လိုခေတ်လွန် ဆက်ခံမည့်သူအဖြစ် ရေပန်းစားနေသူများ...
၁။ ဟယ်ရီရက်နက်ပ်(၆၃နှစ်)၊ ဖြစ်နိုင်ခြေခန့်မှန်းဆ-၁၁/၄၊
၂။ ရွိုင်းဟော့ဆန် (၆၃နှစ်)၊ ၁၀/၃
၃။ စတူးဝပ်ပီယာ့စ် (၄၈နှစ်)၊ ၅/၁ ... ...
(25) (0)
Last Updated at 16:46 GMT, Friday, 10 September 2010 16:46 MM   Translated by : ဟိဏ်းခန့်
ဆက်လက်ဖတ်ရှပါရန်

ကာပယ်လိုက အင်္ဂလန်အသင်းမှာ ကျွန်တော် ကစားနိုင်သေးတယ်လို့ ပြောထားပါတယ်။ (ဒေးဗစ်ဘက်ခမ်း)

ဖေဘီယိုကာပယ်လိုက အင်္ဂလန်လက်ရွေးစင်အဖြစ် ဘောလုံးကစားရန် အိုမင်းသွားပြီဟုပြောကြားကာ ဒေးဗစ်ဘက်ခမ်းကို နိုင်ငံတကာဘောလုံးလောကမှ အနားယူရန် ပြီးခဲ့သောလတွင် ပြောကြားသွားခဲ့သည်။ သို့သော် ယခုအခါ လက်မလျှော့သော အသက်(၃၅)နှစ်သား အင်္ဂလိပ်ဘောလုံးကြယ်ပွင့်က ကြံ့ခိုင်မှုပြည့်ဝကာ အကောင်းဆုံးပုံစံ ရရှိပါက နိုင်ငံအသင်းအတွက် ကစားပေးနိုင်ကြောင်း ကာပယ်လိုမှ ပြန်လည်ခွင့်ပြုထားကြောင်း ပြောကြားလိုက်သည်။
(110) (2)
Last Updated at 15:56 GMT, Friday, 10 September 2010 15:56 MM   Translated by : ဟိဏ်းခန့်
ဆက်လက်ဖတ်ရှပါရန်

စပိန်နာရီကုမ္ပဏီ Timeforce နှင့် ယခုနွေရာသီမှာ စပွန်စာစာချုပ် လက်မှတ်ထိုးနိုင်ခဲ့သော စီရော်နာလ်ဒို၏ ကိုယ်လုံးပေါ် နာရီကြော်ငြာ။

ဘောလုံးမင်းသား ခရစ္စတီယာနို ရော်နာလ်ဒိုမှာ ကိုယ်ခန္ဓာအလှကို ပြချင်တဲ့သူပီပီ နာရီကြော်ငြာကိုတောင် အ၀တ်အစားဝတ်ဆင်လျှက် ကြော်ငြာလျှင် ရပါလျှက်ကယ်နှင့် အ၀တ်ဗလာဖြင့် လုပ်ချလိုက်ပြန်ပါပြီ။ လက်ကောက်ဝတ်လောက်ကို ဖော်ပြရုံဖြင့် မကျေနပ်နိုင်သော ရီးရဲလ်မက်ဒရစ်စတား ပေါ်တူဂီသားက သူ့၏လက်မောင်း ကြွက်သားအလှများလည်း တစ်ခါတည်း ကြော်ငြာချင်ပုံ ရပါသည်။
စပိန်နာမည်ကြီး Timeforce နာရီကုမ္ပဏီနှင့် စပွန်စာစာချုပ် ယခုနွေရာသီတွင် လက်မှတ်ရေးထိုးထားသော အသက်(၂၅)နှစ်သား ရော်နာလ်ဒိုမှာ နာရီကြော်ငြာအတွက် စပိန်နာမည်ကျော် ရုပ်ရှင်မင်းသမီး အယ်လ်ဆာ ပါတာကီ(၃၄နှစ်)နှင့် ကြော်ငြာရိုက်ခဲ့ခြင်း ဖြစ်သည်။
(387) (1)
Last Updated at 14:49 GMT, Friday, 10 September 2010 14:49 MM   Translated by : ဟိဏ်းခန့်
ဆက်လက်ဖတ်ရှပါရန်

ရေချိုးမှားလို့ဖျားတာလား....... လေဖြတ်ခြင်းတို့၏ အကြောင်းရင်းများ......... စသဖြင့် အမေးစာများ ပြန်ကြားပါသည်

လူတစ်ယောက်က ရေချိုးမှားလို့အအေးမိပြီးဖျားတယ်ခင်ဗျာ အဲ့လိုဖျားတဲ့အခါမှာ သူဖျားတာ ဘာချို့ယွင်းလို့ ဖျားတာလဲ သိချင်ပါတယ်ခင်ဗျာ.. ကျွန်တော်သေချာမမေးတတ်လို့ခင်ဗျာ.. ကျွန်တော် သိချင်တာက ဘာအဖျားလို့ခေါ်ပါတယ် ဘယ်ဆေးတွေသောက်ရင်ရပါတယ်လို့ ဆိုတာတွေ မဟုတ်ပါဘူးခင်ဗျာ.. ဘာချို့ယွင်းဖျားသွားလို့ဆိုတာကို သိချင်တာပါခင်ဗျာ.. လေဖြတ်တာတွေကောပေါ့ခင်ဗျာ.. ဘာချို့ယွင်းလို့လေဖြတ်တယ် အဲ့လိုမျိုးသိချင်တာပါခင်ဗျာ..
မေးမြန်းသူ  tannta

ဒီအထက်ပါမေးခွန်းလေးကို ကို7blue မှ မေးလ်ပို့ပြီး တဆင့်မေးပေးခဲ့ပါတယ်။ ကျွန်တော် တစ်ခု ကြိုတင် တောင်းပန်ချင်တာက ကျွန်တော်ဟာ ခုရက်ပိုင်းမှာ လူမှုရေးကိစ္စ ဆေးရုံကိစ္စ စတာတွေနဲ့ လုံးဝကို မအားလပ်လို့ အွန်လိုင်းတောင် မတက်ဖြစ်လို့ အခုမှဖြေပေးဖြစ်တာကို မေးမြန်းသူ ကိုtannta ကိုလည်း အရမ်းအားနာပါတယ်။ ကျွန်တော့်ရဲ့အကောင့် thihathit.um2@gmail.com မှာလည်း မေးထားတဲ့မေးလ်တွေ ပလူပျံနေပြီ ဖြစ်ပေမယ့် ကျွန်တော် လုံးဝပြန်မဖြေပေးနိုင်သေးလို့ ခဏလေး သည်းခံပေးကြပါလို့ တောင်းပန်အပ်ပါတယ်။

(118) (1)
Last Updated at 13:30 GMT, Friday, 10 September 2010 13:30 MM   Written by : သီဟသစ်(ဆေး-၂)
ဆက်လက်ဖတ်ရှပါရန်

အခုတော့ လီဗာပူးလ်ထက် မန်စီးတီးကို တအားမုန်းနေပြီ။ (ဂယ်ရီနဗီးလ်)

မန်ချက်စတာယူနိုက်တက် နောက်ခံကစားသမား ဂယ်ရီနဗီးလ်က ပြိုင်ဖက်လီဗာပူးလ်တက် မန်ချက်စတာစီးတီးကို ယခုအခါ ပိုမိုမုန်းတီးနေကြောင်း မနေ့ညက ထုတ်ဖော်ပြောကြားလိုက်သည်။
"ကျွန်တော် ငယ်ငယ်တုန်းက လီဗာပူးလ်တို့ဟာ အားလုံးမှာ အောင်မြင်မှုတွေ ရရှိနေတော့ မန်ယူဖန်ဖြစ်တဲ့ ကျွန်တော် အရမ်းမုန်းခဲ့တယ်။ မနာလိုမှုနဲ့ အမုန်းတရားက ကိုယ့်ကလပ်ကို ချစ်တဲ့စိတ်ကြောင့်ပါ။ သူတို့  အောင်မြင်မှု ရတာကို မလိုချင်ဘူး။ အောင်မြင်နေတဲ့လူတွေကို မကြိုက်နှစ်ကြဘူး။
ကျွန်တော့်ရဲ့ ကလေးဘ၀က မနာလိုမှုကြောင့် (လီဗာပူးလ်အပေါ်) အမုန်းတရားက ဖြစ်တည်လာခဲ့တာလို့ ယူဆပါတယ်။ ဒါပေမဲ့ ကလပ်ရဲ့ သမိုင်းကြောင်း အစဉ်အလာအရ သူတို့ကို လေးစားမှုရှိပါတယ်။ မကြာသေးတဲ့ နှစ်တွေကမှ ငွေပုံအောသုံးစွဲပြီး မြင်ကွင်းပေါ်ရောက်လာကြတဲ့ ကလပ်တွေနဲ့ နှိုင်းစာရင် သမိုင်းကြောင်း အောင်မြင်မှုအစဉ်အလာရှိခဲ့တဲ့ လီဗာပူးလ်ကို လေးစားမှု အပြည့်ပါပဲ"
(299) (6)
Last Updated at 12:6 GMT, Friday, 10 September 2010 12:6 MM   Translated by : ဟိဏ်းခန့်
ဆက်လက်ဖတ်ရှပါရန်

မန်ယူအသင်းသည် မနက်ဖြန်တွင် အဲဗါတန်အသင်းနှင့် ကစားမည့်ပွဲစဉ်၌ ရွန်းနေကို ချန်လှပ်ထားရန် စဉ်းစားနေ

မနက်ဖြန်တွင် မန်ယူအသင်း နှင့် အဲဗါတန်အသင်းတို့ ကစားမည့်ပွဲစဉ်အတွက်  ရွန်းနေကို ချန်လှပ်ထားရန် စဉ်းစားနေသည်ဟု ဆန်းသတင်းစာက ဖေါ်ပြခဲ့သည်။ မနက်ဖြန် ကစားမည့် အသင်းဟောင်းနှင့် ရင်ဆိုင်ရမည့် မန်ယူအသင်း၏ လူစာရင်းတွင်သာ ရွန်းနေပါဝင်ခဲ့မည် ဆိုပါက "တစ်ညလျင် ပေါင် ၁၂၀၀ တန် ပြည့်တန်ဆာနှင့် ဇနီးသည် ကောလင်း ကိုယ်ဝန်ရှိနေစဉ် ဖေါက်ပြန်ခဲ့မှု" များကို ဖေါ်ထုတ်ရင်း ရွန်းနေကို ဖိအားပေးမည့် ပရိသတ်များက အဆင်သင့် ရှိနေကြသည်။
(374) (5)
Last Updated at 11:55 GMT, Friday, 10 September 2010 11:55 MM   Translated by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

ဝဲလ်ကော့နှင့် ဗန်ပါစီတို့ သီတင်း ၆ ပတ်နားရမည့်အရေး ၀င်းဂါးခေါင်းခဲနေ

ဒုတိယအကြိမ်မြောက် စကင်စက်ဖြင့် စစ်ဆေးချက်အရ အာဆင်နယ်လ် တောင်ပံကစားသမား ၀ဲလ်ကော့သည် အင်္ဂလန်လက်ရွေးစင် အသင်း က ၃-၁ ဖြင့် ဆွဒ်ဇာလန်အသင်းကို အနိုင်ရသော အင်္ဂါနေ့ကပွဲ အတွက် ကစားပေးရင်း ရရှိခဲ့သော ဒဏ်ရာမှာ အရွတ်ထိခိုက်မိသည့် ဒဏ်ရာဖြစ်နေပြီး သီတင်း ၆ ပတ်ကြာ နားရမည့် အခြေအနေ ဖြစ်နေကြောင်း သိရသည်။
(172) (3)
Last Updated at 11:16 GMT, Friday, 10 September 2010 11:16 MM   Translated by : ဇော်ဇော်
ဆက်လက်ဖတ်ရှပါရန်

ပရီမီးယားလိဂ် အမှတ်ပေးဇယားတွင် ရာသီအဆုံး၌ အာဆင်နယ်အပေါ်မှ စပါးစ်တို့ ရပ်တည်ပြမည်ဟု ဗန်ဒါဗတ် ကြွေးကြော်။

ရာဖေးလ် ဗန်ဒါဗတ်က ယခုရာသီတွင် စပါးစ်အား လန်ဒန်မြောက်ပိုင်း ဒေသတွင်းပြိုင်ဖက် အာဆင်နယ်အထက် ပရီမီးယားလိဂ် အမှတ်ပေးဇယားတွင် ရပ်တည်နိုင်အောင် မိမိစွမ်းဆောင် ကူညီနိုင်ကြောင်း ယုံကြည်လျှက်ရှိသည်။
တော့တမ်ဟမ်၏ ပေါင်(၈)သန်းတန် နွေရာသီလူသစ်က ခါးသီးသောပြိုင်ဖက်နှစ်သင်းကြား ပြင်းထန်သောပြိုင်ဆိုင်မှုကို ဂန်းနားတိုက်စစ်မှူး ရော်ဘင်ဗန်ပါစီကြောင့် ခံစားနားလည်ခဲ့ရကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ မနက်ဖြန် ၀က်စ်ဘရွမ်းနှင့် ကစားရမည့်ပွဲတွင် ဗန်ဒါဗတ်မှာ ပရီမီးယားလိဂ် ပွဲဦးထွက်အဖြစ် စပါးစ်အတွက် ကစားပေးမည်ဖြစ်သည်။
(195) (1)
Last Updated at 11:7 GMT, Friday, 10 September 2010 11:7 MM   Translated by : ဟိဏ်းခန့်
ဆက်လက်ဖတ်ရှပါရန်

ဝေးလ်သား ပန်းချီဆရာတစ်ဦး ဖန်တီးသော ဘက်ဟမ်းနှင့် ချယ်ရီကိုးလ်တို့ ပန်းချီပုံ....

ဝေးလ်သား ပန်းချီဆရာ တစ်ဦးသည် Costa Coffee ဆိုင်တစ်ဆိုင်၏ နံရံတွင် နာမည်ကြီးများ၏ ပုံများကို နီညိုရောင်ရှိသော တစေးနှင့် ယိုများကို အသုံးပြုကာ ပုံတူများ ရေးဆွဲလျက် ရှိနေသည်။ ထိုသို့ ရေးဆွဲသော ပုံတူများထဲတွင် ဘောလုံး စတား ဒေးဗစ်ဘက်ဟမ်းနှင့် မကြာသေးမှီကမှ အက်ရှလေကိုးလ်နှင့် တရားဝင်လမ်းခွဲဖို့ လုပ်ခဲ့သည့် X Factor ဒိုင်လူကြီး ချယ်ရီကိုးလ်တို့၏ ပုံတူများလည်း ပါဝင်ခဲ့သည်။
(485) (2)
Last Updated at 7:3 GMT, Friday, 10 September 2010 7:3 MM   Probe by : မှူးသခင်
ဆက်လက်ဖတ်ရှပါရန်

ဘောလုံး မင်းသား ဒေးဗစ်ဘက်ဟမ်းတို့ လင်မယားရဲ့ ကြည်နူးဖွယ် အနမ်းများ

ပရိသတ် အချစ်တော် ဒေးဗစ်ဘက်ဟမ်းနှင့် ၄င်း၏ ချစ်ဇနီးဖြစ်သူ ဗစ်တိုးရီးယားဘက်ဟမ်းတို့ နှစ်ဦးသည် ရေမွေးကြော်ငြာ တစ်ခုအတွက် ဓါတ်လှေခါး တစ်ခုအတွင်း ဗီဒီယို ရိုက်ကူးခဲ့ကြသည်။ အဆိုပါ ကြော်ငြာအတွင်း အနက်ရောင် ၀တ်စုံကို ဆင်မြန်းထားကြသည့် ဘက်ဟမ်းတို့ စုံတွဲသည် ရမ္မက်ပြင်းလှသော အနမ်းများဖြင့် ကြော်ငြာသရုပ်ကို ဖော်ဆောင်သွားသဖြင့် တမူထူးခြားဦးမည့် ချစ်မောင်နှံ နှစ်ဦး၏ ကြော်ငြာဇာတ်ဝင်ခန်း ဖြစ်လာဦးမှာ အမှန်ပင် ဖြစ်သည်။ ဘက်ဟမ်းနှင့် ဗစ်တိုးရီးယားတို့သည် အရင်ကလည်း အတွင်းခံကြော်ငြာကို အတူတကွ ရိုက်ကူးခဲ့သေးသည်။
(1452) (4)
Last Updated at 6:49 GMT, Friday, 10 September 2010 6:49 MM   Written by : မှူးသခင်
ဆက်လက်ဖတ်ရှပါရန်

ကာကာကို ရီးရဲလ်ကနေခေါ်ယူပြီး မီလန်ကို လက်စားခြေမှာလား အင်တာ

အေစီမီလန်အသင်းက အီဗရာဟီမိုဗစ်အား ခေါ်ယူနိုင်ခဲ့ပြီးနောက် အင်တာမီလန်အသင်းသည် ကာကာအားခေါ်ယူရန် မော်ရင်ဟိုနှင့် ရီးရဲလ်မက်ဒရစ်အသင်အား ချဉ်းကပ်၍ ကြိုးပမ်းအားထုတ်နေကြာင်းသိရသည်။
ရော်နယ်ဒို၊ ခရစ်စတီယန်ဗီယာရီ၊ ဆီးဒေါ့ဖ်၊ ပီယာလို နှင့် ယခုတစ်ကြိမ် အီဗရာအပါအ၀င်  အင်တာမီလန်အသင်းအတွက် ကစားပေးခဲ့သည့် ကစားသမားများအား အစီမီလန်အသင်း၏ ခေါ်ယူခြင်းကို ခေတ်အဆက်ဆက် ခံခဲ့ရသည့် အင်တာမီလန်အသင်းသည် ယခုတစ်ကြိမ်တွင် မီလန်စတားဟောင်း ကာကာအားခေါ်ယူနိုင်ရန် ကြိုးပမ်းလာခဲ့ပြီဖြစ်သည်။
(325) (3)
Last Updated at 5:24 GMT, Friday, 10 September 2010 5:24 MM   Translated by : မင်းကံစီ
ဆက်လက်ဖတ်ရှပါရန်

အင်္ဂလန်နည်းပြ ရာထူးကို လုပ်ကိုင်ရန် စိတ်အားထက်သန်နေတဲ့ ရက်နပ်

"ခင်ဗျားဟာ အင်္ဂလိပ်လူမျိုးတစ်ယောက်ဖြစ်မယ်ဆိုရင် ခင်ဗျားဒီအကြောင်းကို အမြဲတမ်းပြောနေမှာဖြစ်ပါတယ်၊ ဒီအလုပ်ကို ငြင်းပယ်ဖို့ဆိုတာ အရမ်းကို ခက်ခဲတဲ့အလုပ်ပါ၊ ဘာဖြစ်လို့လဲဆိုရင် ဒါဟာ ခင်ဗျားနည်းပြဘ၀ရဲ့ အထွတ်အထိပ် ဖြစ်လို့ပါပဲ။"....(ရက်နပ်)
(195) (0)
Last Updated at 4:27 GMT, Friday, 10 September 2010 4:27 MM   Translated by : မင်းကံစီ
ဆက်လက်ဖတ်ရှပါရန်

ပရီးမီးယားလိဂ် ပွဲစဉ်လေး အတွက် ဒါဏ်ရာ အနာတရ စါရင်းမှာ ကလပ်တချို့ရဲ့ အဓိက ကစားသမားတွေ ပါဝင်လာ

ဒီရက်သတ္တပတ်ကတော့ ယူရို ၂၀၁၂ ခြေစစ်ပွဲတွေကြောင့် ပရီးမီးယားလိဂ်က နိုင်ငံ လက်ရွေးစင် ကစားသမားများဟာ မိခင်တိုင်းပြည်အတွက် ကလပ်မှ ခေတ္တခွဲခွာကာ သွားရောက် ကစားခဲ့ကြပါတယ်။ ကလပ်အသီးသီးရဲ့ မန်နေဂျာတွေကတော့ စိုးရိမ်ကြီးစွာဘဲ ၄င်းတို့ရဲ့ ကစားသမားတွေ ဒါဏ်ရာ ကင်းကင်းနဲ့ ပြန်လာပါစေလို့ ဆုတောင်းနေခဲ့ပေမဲ့ ကလပ်အတော်များများက အဓိက ကစားသမား အချို့ဟာ နည်းပြတွေရဲ့ ဆုတောင်းကို မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။
(410) (0)
Last Updated at 2:30 GMT, Friday, 10 September 2010 2:30 MM   Probe by : မှူးသခင်
ဆက်လက်ဖတ်ရှပါရန်

အီဗရာဟီမိုဗစ်နဲ့ ရော်ဘင်ဟိုတို့ရဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲ၊

"ယခုအချိန်မှာတော့ ကျွန်တော်ဟာ မီလန်ကစားသမားဖြစ်နေပါပြီ၊ အင်တာမီလန်က ဘာပြောမယ်ဆိုတာ ကျွန်တော် ဂရုမစိုက်ပါဘူး၊ မီလန်ဟာ ကျွန်တော့ အနာဂတ်ပါ၊ ကျွန်တော်တို့ဟာ စကူဂတ်တိုဖလား ဆွတ်ခူးနိုင်ဖို့ ရေပန်းစားနေပါတယ်၊ ကျွန်တော်အင်တာမှာ ရရှိခဲ့ပြီးပါပြီ၊ ဒါပေမယ့် ကျွန်တော် အနိုင်ရဖို့ ဒီကိုရောက်လာတာဖြစ်ပါတယ်၊ ဂျူဗင်နဲ့ အင်တာမှာ လုပ်ခဲ့တာတွေထက် ပိုပြီး လုပ်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်၊ အသင်းပရိသတ်တွေအားလုံး ပျော်ရွှင်ရလိမ့်မယ်လို့ ကျွန်တော်သေချာပေါက်ပြောနိုင်ပါတယ်"....(အီဗရာဟီမိုဗစ်)
"ဒီရာသီမှာ ကျွန်တော့အတွက် အောင်မြင်မှုတွေ ဆွတ်ခူးနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ ကျွန်တော် မီလန်အသင်းနဲ့ အတူ အောင်မြင်မှုများစွာ ပိုင်ဆိုင်လိုပါတယ်၊ ကျွန်တော့ရဲ့အကောင်းဆုံးခြေစွမ်းကို မီလန်အသင်းအတွက် ပေးအပ်သွားမှာဖြစ်ပါတယ်၊ ဒီလို ကြီးကျယ်တဲ့ ကစားသမားတွေ ခြံရံပြီးကစားရမှာဖြစ်တဲ့အတွက် ကျွန်တော့ရဲ့ တန်ဖိုးမှန်ကို ကွင်းထဲမှာ ပြနိုင်မှာ ဖြစ်ပါတယ်။"....(ရော်ဘင်ဟို)
(317) (3)
Last Updated at 2:11 GMT, Friday, 10 September 2010 2:11 MM   Translated by : မင်းကံစီ
ဆက်လက်ဖတ်ရှပါရန်

အခွင့်အရေးကို အသုံးချကာ ရွန်နေကို စပိန်မြေသို့ ခေါ်ယူရန် ပြင်ဆင်နေသည့် ပီရက်ဇ်

အင်္ဂလန်မီဒီယာတို့၏ အဆက်မပြတ် ကိုယ်ရေးကိုယ်တာ လိင်မှုဆိုင်ရာ ဖောက်ပြားမှုတို့ကို တစ်ခုပြီးတစ်ခု ဖော်ထုတ်မှုတို့ကြောင့် အိမ်ထောင်ရေးပြဿနာများဖြစ်နေသဖြင့် ရွန်နေအနေဖြင့် အလွန်စိတ်သောက ရောက်လျက်ရှိသည်။ လက်ရှိအချိန်တွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိတော့သော ရွန်နေအနေဖြင့် စာချုပ်သစ် ချုပ်ဆိုခြင်း မပြုမှီ အဆိုပါကမ်းလှမ်းမှုကို လက်ခံခဲ့ပါက မန်ယူအသင်းအနေဖြင့်
(1403) (14)
Last Updated at 0:17 GMT, Friday, 10 September 2010 0:17 MM   Translated by : လီယိုဒေါက်တာ
ဆက်လက်ဖတ်ရှပါရန်

မန်ယူကို စွန့်ခွာတော့မှာလား ရွန်နေ ???

မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် ရွန်နေတို့သည် စာချုပ်သက်တမ်းတိုးရန် အစီအစဉ်များ ထားရှိခဲ့သော်လည်း ယခုအခါတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်ဖွယ်ရာများ ရှိလာခဲ့ပြီဖြစ်သည်။ မန်ယူအသင်းသည် ရွန်နေကို တစ်ပတ်လုပ်ခ ပေါင် ၁၄၀၀၀၀ ဖြင့် ၅ နှစ်စာချုပ်ချုပ်ရန် ကမ်းလှမ်းထားသည်ဟု သိရသည်။ သို့ရာတွင် လတ်တလော သတင်းဆိုးများကြောင့် မန်ယူနည်းပြကြီး ဖာဂူဆန်အနေဖြင့် ရွန်နေ၏ မန်ယူအသင်းနှင့်..........
(1490) (10)
Last Updated at 23:2 GMT, Thursday, 9 September 2010 23:2 MM   Translated by : လီယိုဒေါက်တာ
ဆက်လက်ဖတ်ရှပါရန်

ဝီလ်ရှိုင်းယားက ခြိမ်းခြောက်မှု တစ်ခုပါပဲ (ဘော်လ်တန် မန်နေဂျာ အိုဝင်ကွိုင်း)

ဘော်လ်တန် မန်နေဂျာ အိုဝင်ကွိုင်းက ဒီတစ်ပတ် သူ.အသင်း အာဆင်နယ်နဲ. ရင်ဆိုင်တဲ့အခါ ၁၈ နှစ်သား ဂျက်ဝီလ် ရှိုင်းယားဟာ  ပြင်းထန်စွာ ခြိမ်းခြောက်နိုင်တဲ့ ကစားသမား ဖြစ်လိမ့်မယ် လို. ၀န်ခံလိုက်ပါတယ်။ဘော်လ်တန် မန်နေ၈ျာ ဟာ ၀ီလ်ရှိုင်းယားကို ပြီးခဲ့တဲ့ ရာသီက အငှား ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပြီး ဒီနှစ်နွေမှာလဲ ထပ်မံ ခေါ်ယူချင်ခဲ့ပါတယ်။ ဒါပေမယ့် အမြှောက်တပ်သားတို.ရဲ့ ဘော့စ် အာဆင်ဝင်းဂါးက ကွင်းလည်ကစားသမားလေးကို ပထမ ဦးစားပေး အသင်းကို အလျင် အမြန် ထည့်သွင်းခဲ့တာကြောင့် အိုဝင်ကွိုင်း အနေနဲ. ပါရမီရှင် ကစားသမားကို အခုတစ်ပတ် တားဆီး နိုင်ဖို. မျှော်လင့်နေရတာ ဖြစ်ပါတယ်။
(317) (2)
Last Updated at 20:56 GMT, Thursday, 9 September 2010 20:56 MM   Translated by : Somebody
ဆက်လက်ဖတ်ရှပါရန်

ချဲလ်ဆီးမှ ထွက်ခွာဖို့ ခက်ခဲခဲ့တယ် ဆိုသည့် ၀ီဂန်ကစားသမားလေး ဒီဆန်တို

ဖရန်ဆိုဒီဆန်တိုဟာ        ပြီးခဲ့တယ့်အပတ်က   ဝီဂန်အသင်းအတွက် ချဲလ်ဆီးမှ ထွက်ခွာခဲံ့ရတာဟာ အလွန် ခက်ခဲခဲ့ပါတယ်လို့ ဝန်ခံသွားခဲ့ပါတယ်။ ဒီဆန်တိုဟာ ပရီးမီးယားလိဂ်မှာ ပုံမှန်ပွဲထွက်ခွင့် ရဖို့အတွက် သူ့ရဲ့ ကြိုးစားထားသမျှတွေကို ထုတ်ပြနိုင်ဖို့ မစောင့်နိုင်အောင် ဖြစ်နေပါတယ်။

သူက ဝီဂန် အလဲဗင်းသတင်းဌာနကို ပြောရာမှာ ““ဝီဂန်ဟာ ငယ်ရွယ်သူတွေအတွက် ကြီးကျယ်တဲ့ ကလပ် တစ်ခုပါ၊ ကစားပွဲရဲ့ အတွေ့အကြုံတွေနဲ့ အလေ့အကျင့်ကို သင်ယူဖို့ ကောင်းတဲ့ နေရာတစ်ခုပါ””ဟု ပြောကြားသွားပါတယ်။
(314) (2)
Last Updated at 19:57 GMT, Thursday, 9 September 2010 19:57 MM   Translated by : ယုန်လေး
ဆက်လက်ဖတ်ရှပါရန်

"ဒါတွေ အကုန်ပါပဲ ကောလင်းရယ်၊ နောက်ထပ် ဘယ်မိန်းမမှ မရှိတော့ပါဘူးကွယ်"လိင်ဇာတ်ရှုပ်များမြောင်သော ရွန်နီ၏ ဖြေရှင်းမှုကို ကောလင်းလက်မခံ။

ပေါင်(၁၂၀၀)တန် ပြည့်တန်ဆာမလေး ဂျင်နီဖာနှင့် ဇနီးသည်ကိုယ်ဝန်ရှိစဉ် ပျော်ပါးခဲ့ခြင်း သတင်းပေါ်ထွက်လာပြီးနောက် မီဒီယာများ၏ ဖော်ထုတ်မှုကောင်းခြင်းကြောင့် သူ၏ နောက်ထပ်လိင်ကိစ္စများ တစ်ရစပ်ပေါ်ထွက်နေမှုကြောင့် ကောလင်းအား ချော့မော့တောင်းပန်ရန် ကြိုးစားနေသော ၀ိန်းရွန်နီမှာ အခက်တွေ့နေရပြီ ဖြစ်သည်။
ပေါ်ထွက်လာသော သတင်းများမှာ ငြင်းဆန်မရသဖြင့် ရွန်နီက ကောလင်းအား နောက်ထပ်လျှို့ဝှက် ကျန်ရှိနေသည့် ပတ်သက်သောမိန်းမ မရှိတော့ပါကြောင်း ၀န်ခံပြောကြား၍ တောင်းပန်လွှာပို့ခဲ့ကြောင်း ကြားသိရှိရသည်။
(1736) (16)
Last Updated at 19:22 GMT, Thursday, 9 September 2010 19:22 MM   Translated by : ဟိဏ်းခန့်
ဆက်လက်ဖတ်ရှပါရန်
0 20 40 60 80 100 120 140 160 180 NEXTNEXT 200